ဆရာ ဘမောင် (Dr NZL)
ရဲ့ ပိုစ် (မူရင်းပိုစ့်ကို ဝင်ဖတ်ကြည့်ပါ)နဲ့ ပါတ်သတ်လို့
ဘုရားရှင် တခြားဂြိုဟ်ကို ကြွသွားပြီး
တရားဟောခဲ့တာ သတိယမိတယ်
ဘုရားရှင်ကမိန့််တယ်
အာနန္နာ တဲ့ ငါဘုရားရှင်ဟာ
တခါတခါမှာ တပါးသောစကြ်ာဝဠာကို ကြွပြီး အဲဒီစကြ်ာဝဠာက ပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဍာန်ပြုကာ သူတို့ရဲ့ အကျိုးစီးပွားနဲ့စပ်တဲ့ တရားစကားတွေ ပြောကြားလေ့ ရှိတယ်
ငါဘုရားရှင်ကို သူတို့က လူလော နတ်လော ဘုရားရှင်လော ကွဲကဲဲပါးပြား
မသိကွဘူး အာနန်နာ တဲ့။
ဒီတရားတော်ကို ထောက်ဆခြင်းအားဖြင့် တခြားဂြိုဟ် စကြ်ာဝဠာကို ဘုရားရှင် ကြွဘူးတယ်
ဒီနေရာမှာ ထူးခြားချက်က
တခြားဂြိုဟ်မှာ တရားဟောတဲ့အခါ
မဂ်ဖိုလ်နိဗ္ဗာန်အတွက် ဆိုတာ မပါဘူး
အကျိုးစီးပွားနဲ့ စပ်တဲ့ စကား လို့ ဆိုတဲ့အတွက် တရားထူးတရားမြတ် ရနိုင်တဲ့ အခြေအနေမရှိဘူးလို့ သုံးသပ်နိုင်တယ်။
ဘုရားရှင်ရဲ့ အာဏာစက်ဟာ စကြ်ာဝဠာ တိုက်တသောင်းထိ သက်ရောက်တယ်လို့ ဆိုထားတဲ့အတွက် တခြားဂြိုဟ်တွေကို ကြွရောက်တယ် ဆိုတာ လည်း တရားတော်အရ သိနိုင်တယ်။
ပြန်ကြွလာတဲ့အခါ လူ နတ် ဘုရား ဘယ်အရာရယ်လို့ ကွဲကွဲ ပြားပြားမသိဘူး လို့ ဆိုတဲ့အတွက် သူတို့ဟာ လူသားတွေရဲ့ ပုံသဏ္ဍာန် နဲ့ ဘာသာစကားဟာ မတူဘူး လို့ သုံးသပ်နိုင်တယ် ဘုရားရှင်မို့သာ
ဖန်ဆင်းဟောကြားနိုင်တာဖြစ်တယ်။
နောက်တခုက ကမ္ဘာပျက်တဲ့အခါ နိယတမိစ္ဆာဒိဋ္ဌိ တွေဟာ တခြားစကြ်ဝဠာ ကို ငရဲသားအဖြစ်ပြောင်းပြီးခံရတယ်လို့ ဟောထားတဲ့အတွက် တခြားစကြ်ာဝဠာ တခုချင်းစီမှာလည်း ဘုံသားတွေ အမျာအပြားရှိတယ်လို့
သုံးသပ်လို့ရပါတယ်။
ဘာပဲပြောပြော ဒီတရားတော်ဟာ
စကြာဝဠာ အနန္တ ဆိုတာရယ် တခြားသော ဂြိုဟ်တွေမှာလည်း သက်ရှိတွေ ရှိတယ် ဆိုတာ သုံးသပ်လို့ရတယ်။
ဒီကနေ့ သိပ္ပံကို ဗုဒ္ဓ တရားတော်တွေက သက်သေအဖြစ် ပြလို့ရတယ်။
ဦးမြင့်ခိုင်