တကယ်တော့ ဘုရားရှင်က လူမျိုးနွယ်ကို ပယ်ထားပြီးသားပါ။ ဒါပေမယ့် ဘုရားသည် `ကုလားမဟုတ်၊ မြန်မာလူမျိုး´ ဆိုတဲ့ အသံတွေ တအားကြားနေလို့ postရေးလိုက်ပါတယ်။
———————————
အို-ထေရဝါဒ ဗုဒ္ဓသာသနာဝင် အပေါင်းတို့…!
နိုးကြား ကြလော့။ ကြိုးစားကြလော့။ အမှားနှင့် အမှန်၊ အမှောင်နှင့်အလင်းကို ခွဲခြားတတ်ရန် ဗုဒ္ဓသာသနာ သမိုင်းကို ပီပီပြင်ပြင် လေ့လာသင်ယူကြ၍ ထေရဝါဒ ဗုဒ္ဓသာသနာ ခံတပ်ကို အင်အားဖြည့်ကြလော့။ (စစ်အင်အားမဟုတ်)
(ဓမ္မဗျူဟာမဂ္ဂဇင်း-ခေါင်းကြီး ၂၀၀၈ ဇူလိုင်)
———————————-
ခမည်းတော်မင်းကြီး… ဤမဟာသမ္မတမင်းမှ လာသော ရာဇပဝေဏီ သည်ကား မင်းတရားတို့၏ အနွယ်သာတည်း။
ဒကာတော်သား ငါဘုရားမူ ရှေးဖျားလွန်လေ အသင်္ချေများစွာ ကမ္ဘာဘာက ဂင်္ဂါဝါဠု သဲစုထပ်မျှ ပွင့်ကြကုန်သော သဗ္ဗုဒ္ဓရာဇာ စောမြတ်စွာတို့၏ မဟာဝံသ ဖြစ်ပေသည်။
(ကျီသဲလေးထပ်ဆရာတော်ဘုရားကြီး- ဇိနတ္ထပကာသနီကျမ်း)
—————————-
ကျောက်စာသုတေသီတို့ အလိုအားဖြင့် ကမ္ဘာပေါ်ရှိ လူ(၃)မျိုးမှာ-
၁။ ပေမိယ ကုန်းပြင်မြင့်မှ စတင်ဖြစ်ပွားသော အာရှတိုက်သားမျိုးနွယ်။
၂။ ကော့ကေးသျှတောင်တန်း ကုန်းပြင်မြင့်များမှ စတင်ဖြစ်ပွားသော ဥရောပတိုက်သား လူမျိုးနွယ်၊
၃။ အာဖရိက ကုန်းပြင်မြင့်မှ စတင်ဖြစ်ပွားသော အာဖရိကတိုက်သား လူမျိုးနွယ် တို့ဖြစ်သည်။
၁။ အာရှမျိုးနွယ် လူသားတို့ရဲ့ ဦးခေါင်းဟာ ဥသျှစ်သီးလို လုံးစောက်စောက်နေတယ်။
၂။ ဥရောပမျိုးနွယ်…ဦးထိပ်မြင့်တယ်။ ချွန်မောက်နေတယ်။
၃။ အာဖရိက….ထန်းသီးလို ဝိုင်းနေတယ်။
၁။ အာရှမျိုးနွယ် လူသားတု့ိရဲ့ အသားအရောင်က အညိုရောင်၊ အဝါရောင် ဖြစ်တယ်။
၂။ ဥရောပမျိုး….အဖြူရောင်ဖြစ်တယ်။
၃။ အာဖရိက…..မည်းနက်တယ်။
ဗုဒ္ဓဘုရားရှင်ကို အာရှတိုက်မှာ ဖွားသော်လည်း လူမျိုးအနွယ်က အာရှမျိုးနွယ် မဟုတ်ဘူး။
***ဥရောပမှ လာတဲ့ အာရိယန်မျိုးနွယ် ဖြစ်တယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဦးခေါင်းတော်ဟာ အာရိယန်မျိုးနွယ် ဖြစ်လို့ အာရှတိုက်သားများလို မလုံးဘူး၊ မြင့်မောက်တယ်။ အသားရောင်က ရွှေရောင်ဖြစ်တယ်။ အရပ်အမောင်းက အာရှတိုက်သား တို့ထက် သာလွန်တယ်။
သည်လူမျိုးနွယ် အခြေခံမူကို ကြည့်လျှင် (မုဒ္ဒနိမဇ္ဈေ ပညာယမာနော ဥန္နတပ္ပဒေသော) ဆိုတဲ့ ထိပ်အလယ် ထင်ရှားသော မြင့်မောက်ရာ အရပ် ဆိုတာဟာ ဆံထုံးမဟုတ်သော ဦးခေါင်းတော်အချွန်း ကို ဆိုလိုကြောင်း သိသာပါတယ်။ ဒါကြောင့် ဘုရားရှင်မှာ ဆံထုံးမရှိဘူး၊ စေတီကဲ့သို့ မြင့်မောက်ခြင်းသာ ရှိတယ်။
(တည်တောဆရာတော်)
———————————-
အမှန်မှာ မြတ်စွာဘုရား၌ သျှောင်ထုံးမရှိပါ။ လုံးဝန်း၍ စဉ်းငယ် မောက်ဖြိုးသော ဦးခေါင်းတော်သာ ရှိ၍ ကေတုမာလာ ရောင်လျှံတော် ပုံမှ သျှောင်ထုံးပုံ ဖြစ်နေခြင်းသာ ဖြစ်ပါသည်။
(ရဝေထွန်း/ဘဒ္ဒန္တတိလောကသာရ)
———————————
မြန်မာလူမျိုးများသည် ဘာသာစကားအားဖြင့် တိဗက်-မြန်မာ(Tibeto-Burman) အုပ်စုဝင်ဖြစ်၍ လူမျိုးနွယ်အားဖြင့် မွန်ဂိုလွိုက် (Mongoloid) အနွယ်ဖြစ်သည်။
(ကျွန်းဆွယ် တောင်ဘက်ရောက်တော့ Australiodဖြစ်-Dr Than Tun)
(ပါမောက္ခဒေါက်တာနိုင်ပန်းလှ)
———————————-
အိန္ဒိယပြည်သို့ ရှေးဦးစွာ ရောက်ရှိသည့် ဘာသာစကား အနွယ်မှာ မွန်-ခမာ(Mon-Kmar)(ဝါ) မုဏ္ဍဘာသာ ပါဝင်သည့် သြစတြို အေရှတစ် (Austro-Asiatic) အနွယ်ခွဲများ ဖြစ်သည်။ ထို့နောက်မှ လူမည်းဖြစ်သော ဒြာဗီဒီယံ(Dravidians) တို့ ရောက်လာသည်။
၎င်းနောက် အနောက်ဘက်မှ အာရိယံ လူမျိုးများ BC2000-1000 အတွင်း အိန္ဒိယပြည်သို့ ရောက်လာသည်။
(ဒေါက်တာနိုင်ပန်းလှ)
———————————-
မူလအရိယာန်လူမျိုးသည် အီရန်လူမျိုး ဖြစ်ကျန်သည်။ အရှေ့ဘက်သို့ အရိယံ၊ အနောက်ဘက်သို့ ဂျာမန် လူမျိုးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
(ကိုး/Well.H.G နှင့် စာအုပ်စုံ)
—————————
များလှတွက်ကိန်း၊ သုံးသိန်းသုံးသောင်း၊
ကိုးထောင်နှစ်ကျိပ်၊ ရှစ်မာရ်နှိပ်တို့၊
တံဆိပ်ထပ်ဆင့်၊ ဗျာဒိတ်ဖွင့်၍၊
ရင့်အများတွင်၊ တစ်ပါးဝင်သား၊
ဘိုးရှင်လောင်းကျော်၊ မြတ်နွယ်တော်ကို၊…
(ပလိပ်စား-ငစဉ့်ကူးမင်း ရွှေနားတော်သွင်းဧချင်း)
အဲဒီထဲကလို အလောင်းမင်းတရားရဲ့ အနွယ်တော် ရေးယူသလို ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။
(မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ)