( philosophy )ဖလော်ဆော်ဖီ နဲ့ (logic )ယုတ္တိဗေဒ ဟာ စိန်နဲ့ တူပါတယ် ။ ( အဖိုးတန်ပါတယ် ) ။ သောကြာဂြိုလ် ပေါ်ကို အာကသယဉ်လွတ်တော့ “စိန်”ကို မှန်ပြတင်းအဖြစ် သုံးရတယ် ။ သောကြာဂြိုလ် မျက်နှာပြင်မှာ ဖိအားသိပ်ကြီးတယ်။ အဲဒီ ဒဏ်ကို “စိန်”ပဲ ခံနိုင်တယ်။ ဒီတော့ အဖိုးတန်ပါတယ်။ (ဆားနဲ့လည်း တူတယ်ခင်ဗျ ။ အသင့် အတင့်ပဲ သုံးရပါတယ် )
ဒါပေမယ့် ဘတ်စကားစီးတဲ့ အခါ စိန် တစ်ဆင်စာ မဝတ်သင့်ပါဘူး ။ လိုအပ်တဲ့အခါမှပဲ ဝတ်ဆင်သင့်တယ် ။ ဒီလိုပဲ logic နဲ့ ဒဿနဗေဒ ဟာ လိုသလောက် လိုအပ်တဲ့အခါမှပဲ အသုံးပြုသင့်ပါတယ်။
ကျွန်တော်ကို ” ဆော် ” ဖို့ အကွက်တွေမြင်လာမှာပါ
( မောင်ဝဏ္ဏ )
ဖလော်ဆော်ဖီ အကြောင်းကို အပျင်းပြေဖတ်ဖို့လို့ ရေးတော့ တချို့က ဖလော်ဆော်ဖီဆိုတာ အပျင်းပြေဖတ်ရတဲ့ စာမျိုးလားလို့ ငြင်းချက်ထုတ်ချင်ထုတ်ကြလိမ့်မယ် ။
ကျွန်တော်သဘောထားက ရိုးရိုးရှင်းရှင်းလေးပါ ။ ကျွန်တော် ဆရာတွေဖြစ်တဲ့ ဒေါက်တာ “ဦး” ခင်မောင်ဝင်း ။ ဒေါက်တာ ဦးသန်းနိုင် အစရှိတဲ့ ဖလော်ဆော်ဖီ ပညာရှင်ကြီးတွေက ကျွန်တော်ကို ရိုးရိုးရှင်းရှင်းပြောဖူးပါတယ်။ ဆရာကြီး ဒေါက်တာ “ဦး” ခင်မောင်ဝင်း (ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ) က ” ခင်ဗျား က လောဂျစ်တို့ ။ ဖလော်ဆော်ဖီ တို့ကို လူများများအသုံးချလို့ရအောင် ကြိုးစားတာ ကျွန်တော်သိပ် ဝမ်းသာတယ်ဗျာ ။ တကယ်က လူတွေအားလုံးဟာ နေ့တိုင်းတွေးနေ ကြတာပဲ ။ နေ့တိုင်း လောဂျစ်တို့ ၊ ဖလော်ဆော်ဖီ တို့ကို သုံးနေကြတာပဲ ။ ဒါပေမယ့် သူတို့သုံးနေတာက လောဂျစ်ပါ ။ သူတို့ တွေးနေတာ ဖလော်ဆော်ဖီပါလို့ သတိမထားမိကြဘူး။ ခင်ဗျားက အဲသလို သတိထားမိအောင် ရေးတဲ့ အတွက် ကျွန်တော် သိပ်ဝမ်းသာပါတယ်ဗျာ ” လို့ပြောပါတယ် ။ စာ-၂၅
( မောင်ဝဏ္ဏ )