This Content Is Only For Subscribers
Please subscribe to unlock this content.
တခါကဟောပြောပွဲတခုမှာဘုရားမဲ့ဝါဒီပညာရှိဘွဲ့ရ ပုဂ္ဂိုလ်သုံးဦးကိုဖိတ်ပြီးဘုရားသခင်ဆိုတာမရှိကြောင်းပြောစေသတဲ့။ပထမတယောက်နက်ခတ်ဗေဒပညာရှင်စင်ပေါ်တက်သွားပြီး……
နက်ခတ်ဗေဒပညာရှိ။ ။ ပရိတ်သတ်များခင်ဗျား၊ကျနော်နစ်၂၀လုံးလုံးအဝေးကြည့်မှန်ပြောင်းနဲ့နက်ခတ်တွေကိုလေ့လာခဲ့ပါတယ်။စြင်္ကာဝဋ္ဌာတလုံးနီးပါးလေ့လာခဲ့ပါတယ်။ဒါပေမဲ့ကျနော်ထာဝရဘုရားဆိုတာအရိပ်အရောင်လေးတောင်မတွေ့ခဲ့ရပါဘူး။ဒါကြောင့်အားလုံးကိုပြောချင်တာကထာဝရဘုရားသခင်ဆိုတာမရှိပါဘူးခင်ဗျား။
(ပရိတ်သတ်လက်ခုပ်သံဆူညံသွားလေသည်။)ပြီးနောက်ဆရာဝန်ကြီးတယောက်ပြန်တက်သွားသည်။
ဆရာဝန်ကြီး။ ။ပရိတ်သတ်များခင်ဗျား၊ကျနော်နစ်၃၀လုံးလုံးလူတွေကိုခွဲစိတ်တာအရေတွက်ရာချီရှိခဲ့ပါပြီ၊တခါမှဝိညာဉ်ဆိုတာမတွေ့မိပါဘူး၊ခရစ်ယာန်တွေပြောပြောနေတဲ့ဝိညာဉ်ကဘယ်မှာရှိလဲမသိပါ၊ဦးခေါင်းမှာလား?အစာအိမ်မှာလား?သွေးကြောထဲလား? အသဲထဲလားဗျာ?(ပရိတ်သတ်ရယ်သံ)
ဒါကြောင့်ကျနော်အားလုံးကိုပြောပြချင်တာကဝိညာဉ်မရှိသလိုထာဝရဘုရားဆိုတဲ့နာမ်ဝိညာဉ်လည်းမရှိပါ။(ပရိတ်သတ်လက်ခုပ်သံဆူညံသွားလေသည်။)ပြီးနောက်စာရေးဆရာတယောက်ပြန်တက်သွားသည်။
စာရေးဆရာ။ ။ ပရိတ်သတ်များခင်ဗျား၊ကျနော်ငယ်ငယ်ကတည်းကစ စာအုပ်စာပေဖတ်လာတာ ဘယ်စာအုပ်မှကောင်းကင်ရှိကြောင်းငရဲရှိကြောင်းရေးထားတာမတွေ့မိပါဘူး၊ဒါကြောင့်လူဆိုတာသေသွားရင်မီးငြိမ်းသွားသလိုပါဘဲ၊ဘာမှကိုမရှိတော့တာပါ။ဘာဝိညာဉ်မှမရှိသလိုဘာဘုရားသခင်မလည်ှးမရှိပါ။(ပရိတ်သတ်လက်ခုပ်သံများဆူညံသွားပြန်သည်။)
ဟောပြောပွဲနောက်ဆုံးတွင်သဘာပတိစင်ပေါ်သို့တက်၍ ။ ။ ပရိတ်သတ်များခင်ဗျားခုနဆရာကြီးသုံးဦးပြောသွားတဲ့အပေါ်လက်မခံနိုင်တဲ့သူရှိပါသလား?ခုခံပြေားဆိုလိုတဲ့သူကောရှိပါသလား?ရှိပါကစင်ပေါ်သို့ဖိတ်ခေါ်ပါတယ်ခင်ဗျား။(ဟောပြောပွဲတခုလုံးခေတ္တအသံတိတ်သွားသည်)
သဘာပတိမှမည်သူမျှပြောဆိုသူမရှိဟုထင်ကာပွဲသိမ်းမည်အလုပ်၊အနောက်ဆုံးမှအဖွားအိုတဦးထလာသည်။တောရွာကလာသည့်အဖွားအိုဖြစ်မည်။သူကခုခံပြောဆိုချင်သည်ဟုဆိုသော်သဘာပတိနှင့်ကျန်သူအား လုံးပျက်ရယ်ကြသည်။
အဖွားအိုကတော့စင်မြင့်ပေါ်တဖြေးဖြေးတက်သွားပြီ……
အဖွားပထမဆုံးအနေနဲ့ နက်ခတ်ဗေဒဆရာကြီးကိုမေးချင်ပါတယ်။
အဝေးကြည့်မှန်ပြောင်းနဲ့လေကိုမြင်နိုင်ပါလား?လေဆိုတာဘယ်လိုလဲရှင်းပြပါအုံး?
နက်ခတ်ဗေဒဆရာကြီး။ ။လေကိုအဆင့်မြင့်အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်လို့မရဘူးလေ။
အဖွား။ ။မှန်ပြောင်းနဲ့လေကိုတောင်မတွေ့နိုင်ရင်၊လေကိုဖန်ဆင်းတဲ့ဘုရားကိုကောတွေ့နိုင်ပါ့မလား?ဘုရားသခင်မရှိဘူးလို့ပြောတာမမှန်ပါဘူး။
နောက်အဖွားကဆရာဝန်ဖက်လည့်ပြီးမေးပြန်တယ်။ ။ဆရာကြီးမှာဇနီးရှိပါသလား?
ဆရာဝန်။ ။ရှိပါတယ်။
အဖွား။ ။ဆရာ့ဇနီးကိုဆရာချစ်ပါသလား?
ဆရာဝန်။ ။ချစ်တာပေါ့ဗျာလူတိုင်းကိုယ့်ဇနီကိုချစ်ကြတာအးလုံးသိပြီးသားပါ။
အဖွား။ ။ဒါဆိုဆရာကြီးဇနီးကိုချစ်တဲ့အချစ်ကဆရာ့ကိုယ်ခန္ဓာရဲ့ဘယ်နေရာမှာရှိပါသလဲ? တကယ်လို့ခွဲစိတ်ပြီးကြည့်မယ်ဆိုရင်ဦးခေါင်းမှာလား?အစာအိမ်မှာလား?သွေးကြောထဲလား? အသဲထဲလား?ပြောပြပေးပါ။ရှာမတွေ့ရင်တော့တကယ်မချစ်လို့ပေါ့။(ပရိတ်သက်ရယ်သံဆူညံသွားသည်)
နောက်ဆုံးစာရေးဆရာဆီလှည့်ပြီး……
အဖွားအို။ ။။ခုနဆရာကပြောတယ်…ငယ်ငယ်ကတည်းကစပြီးစာအုပ်စာပေဖတ်လာတာ…ဘယ်စာအုပ်မှကောင်းကင်ရှိကြောင်းငရဲရှိကြောင်းရေးထားတာမတွေ့မိပါဘူးတဲ့။အဘွားမေးချင်တာကဆရာသမ္မာကျမ်းဆိုတဲ့စာအုပ်ကိုဖတ်ဘူးပါသလား? သမ္မာကျမ်းဟေဗြဲဩဝါဒစာ ၉:၂၇မှာ လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့……လို့ရေးမှတ်ထားပါတယ်။ဆရာကဘာလို့လူသေရင်မိးငြီမ်းသွားသလိုဘာမှမရှိတော့ဘူးလို့ပြောရတာလဲ?နောက်ပြီးသမ္မာကျမ်း ရှင်ယောဟန်ခရစ်ဝင် ၃:၁၆မှာ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်း(ငရဲ)သို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ(ကောင်းကင်သို့)၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။….တဲ့
ဆရာကဘာကြောင့်ကောင်းကင်နဲ့ငရဲမရှိဘူးလို့အတည်ပြောရတာလည်း?…………
ဘယ်သူမှပြန်ပြောသူမရှိဆိတ်ငြိမ်နေသည်။အဖွားလဲဆင်းလာသည်။ဟောပြောပွဲပြီးဆုံးသွားချေပြီ။
မိတ်ဆွေ၏ထင်မြင်မူ့ကိုcmtပေးနိုင်သည်။လွတ်လပ်စွာရှယ်လ်နိုင်ပါသည်။အားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်