သင့်လျော်သည့်အလုပ်ကို လုပ်လျက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။

မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကဘိဝံသ

သုတ္တနိပါတ ၊နှာ -၃၀၅။ မြန်မာပြန် - ၂၈၉

လူသားတွေနဲ့ AI ကို အမှန်တကယ်ချိတ်ဆက်ပေးမှာ!

spot_img

ဘုရားရှင် တခြားဂြိုဟ်ကို ကြွဘူးတယ်

ဆရာ ဘမောင် (Dr NZL)
ရဲ့ ပိုစ် (မူရင်းပိုစ့်ကို ဝင်ဖတ်ကြည့်ပါ)နဲ့ ပါတ်သတ်လို့

ဘုရားရှင် တခြားဂြိုဟ်ကို ကြွသွားပြီး
တရားဟောခဲ့တာ သတိယမိတယ်

ဘုရားရှင်ကမိန့််တယ်

အာနန္နာ တဲ့ ငါဘုရားရှင်ဟာ
တခါတခါမှာ တပါးသောစကြ်ာဝဠာကို ကြွပြီး အဲဒီစကြ်ာဝဠာက ပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဍာန်ပြုကာ သူတို့ရဲ့ အကျိုးစီးပွားနဲ့စပ်တဲ့ တရားစကားတွေ ပြောကြားလေ့ ရှိတယ်
ငါဘုရားရှင်ကို သူတို့က လူလော နတ်လော ဘုရားရှင်လော ကွဲကဲဲပါးပြား
မသိကွဘူး အာနန်နာ တဲ့။

ဒီတရားတော်ကို ထောက်ဆခြင်းအားဖြင့် တခြားဂြိုဟ် စကြ်ာဝဠာကို ဘုရားရှင် ကြွဘူးတယ်

ဒီနေရာမှာ ထူးခြားချက်က
တခြားဂြိုဟ်မှာ တရားဟောတဲ့အခါ
မဂ်ဖိုလ်နိဗ္ဗာန်အတွက် ဆိုတာ မပါဘူး
အကျိုးစီးပွားနဲ့ စပ်တဲ့ စကား လို့ ဆိုတဲ့အတွက် တရားထူးတရားမြတ် ရနိုင်တဲ့ အခြေအနေမရှိဘူးလို့ သုံးသပ်နိုင်တယ်။
ဘုရားရှင်ရဲ့ အာဏာစက်ဟာ စကြ်ာဝဠာ တိုက်တသောင်းထိ သက်ရောက်တယ်လို့ ဆိုထားတဲ့အတွက် တခြားဂြိုဟ်တွေကို ကြွရောက်တယ် ဆိုတာ လည်း တရားတော်အရ သိနိုင်တယ်။

ပြန်ကြွလာတဲ့အခါ လူ နတ် ဘုရား ဘယ်အရာရယ်လို့ ကွဲကွဲ ပြားပြားမသိဘူး လို့ ဆိုတဲ့အတွက် သူတို့ဟာ လူသားတွေရဲ့ ပုံသဏ္ဍာန် နဲ့ ဘာသာစကားဟာ မတူဘူး လို့ သုံးသပ်နိုင်တယ် ဘုရားရှင်မို့သာ
ဖန်ဆင်းဟောကြားနိုင်တာဖြစ်တယ်။
နောက်တခုက ကမ္ဘာပျက်တဲ့အခါ နိယတမိစ္ဆာဒိဋ္ဌိ တွေဟာ တခြားစကြ်ဝဠာ ကို ငရဲသားအဖြစ်ပြောင်းပြီးခံရတယ်လို့ ဟောထားတဲ့အတွက် တခြားစကြ်ာဝဠာ တခုချင်းစီမှာလည်း ဘုံသားတွေ အမျာအပြားရှိတယ်လို့
သုံးသပ်လို့ရပါတယ်။

ဘာပဲပြောပြော ဒီတရားတော်ဟာ
စကြာဝဠာ အနန္တ ဆိုတာရယ် တခြားသော ဂြိုဟ်တွေမှာလည်း သက်ရှိတွေ ရှိတယ် ဆိုတာ သုံးသပ်လို့ရတယ်။

ဒီကနေ့ သိပ္ပံကို ဗုဒ္ဓ တရားတော်တွေက သက်သေအဖြစ် ပြလို့ရတယ်။

ဦးမြင့်ခိုင်

Most Views

spot_img
spot_img

Related Articles

ဘာသာမဲ့ အယူဝါဒ

ဝီကီပီးဒီးယား မှ ဘာသာမဲ့ဆိုသည်မှာ ကိုးကွယ်သည့် ဘာသာ မရှိသူများကိုဆိုလိုသည်။ ၎င်းတို့သည် မည်သည့်ဘာသာကိုမျှ ယုံကြည်ခြင်းမရှိဘဲ၊ ကမ္ဘာတွင် ရှိသည့် ဘာသာများသည် လူများမှ ဖန်တီးတီထွင်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘာသာမဲ့...

မြတ်စွာဘုရားရှင်၏ နောက်ဆုံးသြဝါဒ “အပ္ပမာဒေန သမ္ပာဒေထ”ကို အဋ္ဌအထာစိစစ်ခဏ်း၌ မဟာစည်ဆရာတော်ကြီးဖွင့်ပြဟောကြားတော်မူခြင်း

အဋ္ဌကထာကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီး၏ မဟာပဒါနသုတ် အဋ္ဌကထာတွင် “အပ္ပမာဒေန သမ္ပာဒေထ – သီလ, သမာဓိ, ပညာနှင့် ဆိုင်တဲ့ ကိစ္စအလုံးစုံကို အရဟတ္တဖိုလ်အထိ ပြီးစီးအောင်...

Sanders Gets Respectful Welcome at Conservative College

I actually first read this as alkalizing meaning effecting pH level, and I was...

ဗုဒ္ဓဘုရားက ဘာလူမျိုးလဲ

တကယ်တော့ ဘုရားရှင်က လူမျိုးနွယ်ကို ပယ်ထားပြီးသားပါ။ ဒါပေမယ့် ဘုရားသည် `ကုလားမဟုတ်၊ မြန်မာလူမျိုး´ ဆိုတဲ့ အသံတွေ တအားကြားနေလို့ postရေးလိုက်ပါတယ်။ --------------------------------- အို-ထေရဝါဒ ဗုဒ္ဓသာသနာဝင် အပေါင်းတို့…! နိုးကြား...